user-avatar
Today is Monday
10, 16, 2012

10, 16, 2012

(ဒြပ်မဲ့)

by ♫♪★လွမ်းပိုင်ရှင်★♪♫: — Categories: ကဗျာLeave a comment

Shareတစ်ဦးနဲ့တစ်ဦးတွေ့ဆုံမှု အကြောင်းပြချက်ရယ်မလိုလို့ တစ်ဦးနဲ့တစ်ဦးခွဲခွာခြင်းမှာ အကြောင်းပြချက်ရယ်မလိုပြန်ဘူးလား ကောင်းပြီ လေပြေညှင်းရေ အတိုင်းဆမဲ့ပျော်ဝင်မိတဲ့ ငါ ငါကိုကသာလျှင် ပျော့ညံ့လွန်းနေတာ. . .။ ပျော်ဝင်လေ နစ်မြှပ်လေ ရာဇ၀င် အကြင်နာ စစ်တွေရဲ့ ကာလာအစွန်းထင်းတွေနဲ့ သစ်ရွက်တွေ မှုန်တေ အရင်လိုဖြူစင်ခြင်းကို တမ်းတရင်း အိပ်မက်အရောင်ကွဲတွေထဲ အကွဲအပဲ့ မြတ်နိုးမှုက သိပ်ကို ငြိမ်သက်နေပါလား…။ သိပ်သေချာနေတယ်ဆိုတဲ့ မျှော်လင့်ချက်က သဲထဲရေသွန် ဖြစ်ခဲ့ဖူးတာ…ဖြစ်ခဲ့ဖူးတာ ခုတော့ အစာသွတ် ဖြစ်တည်မှုမှာ အသက်ရှုကျပ်လား ကျပ်ရဲ့ မတတ်နိုင်ဘူးဆိုတဲ့ ဆင်ခြေက အာတွေ့ လျှာတွေ့နိုင်လွန်းတယ် သိပ်သေချာတာကို ရှာဖွေရင်း ပါးပါးသွားလိုက်တဲ့ တိုက်စားမှုက ရူးသွပ်မှု ဒီဂရီအညံ့တွေ…. ကဲ… ဒီလိုနဲ့ မိုးလင်းမိုးချုပ် ငါ့ရင်ဘတ်ထဲ ရာဇ၀င်ရိုင်းလာတယ်……။ လွမ်းပိုင်ရှင်

10, 16, 2012

ပန်းကလေးများလန်းပါစေ။

by ♫♪★လွမ်းပိုင်ရှင်★♪♫: — Categories: အက်ဆေးLeave a comment

Shareကျွန်တော် ရုံးတက်ချိန် ဘတ်(စ်)ကားပေါ်မှအဆင်း ကလေးငယ်လေးတစ်ယောက် ကျွန်တော့်ဆီ ပိုက်ဆံလာတောင်းသည်။ ကျွန်တော်လည်း အင်္ကျီအိတ်ကပ်ထဲနှိုက်ကြည့်တော့ နှစ်ရာတန်၊ ငါးရာတန်နှင့်အတူ ငွေအကြွေ အချို့သာ ထွက်လာ၏ ။ ထို့နောက် ကလေးငယ်လေးကို နှစ်ရာတန်တစ်ရွက်ပေးလိုက်သည်။ ကလေးငယ်လေး က ကျွန်တော့်ကို ၀မ်းသာအားရပြုံးပြပြီး ထွက်သွားခဲ့သည်။ ရုံးတွင်း ကျွန်တော့်စားပွဲမှနေ၍ မနက်က ကလေးငယ်လေး ပိုက်ဆံလာတောင်းသည်ကို မြင်ယောင်လာမိသည်။ ငါးနှစ်အရွယ် ဆံပင်စုတ်ဖွားလေး၊ မျက်နှာတွင် ညစ်ပေပေ၊ အ၀တ်အစားဟုသာ သတ်မှတ်၍ရသော အ၀တ်စားတို့ကိုဝတ်၍ လမ်းပေါ်တွင် လျှောက်သွားနေသည်။ ကျွန်တော့်အတွေးတွင် ကလေး၏ မိဘနှစ်ပါးနှင့် ဆွေမျိုးမိတ်သင်္ဂဟများ မည်သို့ ရောက်နေကြသနည်းဟု တွေးမိ၏ ။ ငါးနှစ်ဆိုသော အရွယ်သည် ကျောင်းတက်၍ စာသင်နေသည့်အရွယ်ဖြစ် သည်။ ကျွန်တော့်အတွေးများနည်းနည်းညစ်လာရသည်။ ကလေးငယ်၏ မိဘများကို ဒေါသဖြစ်မိ၏ ။ [...]

10, 16, 2012

ဓူဝံကြယ်ကလေးနှင့်အတူ

by ♫♪★လွမ်းပိုင်ရှင်★♪♫: — Categories: ကဗျာLeave a comment

Shareမရေရာတဲ့ စိတ် အနာတွေကို တွေးမိတိုင်း ညက နက်နက်သွားတယ် အိပ်စက်ဖို့လည်း တွန့်ဆုတ်နေမိလေရဲ့ သို့ပေမယ့် ငိုက်မိတာလည်း အကြိမ်ကြိမ် ဖြစ်ချင်ရာဖြစ် ဇွတ်အတင်းမျက်ဝန်းကို စုံမှိတ်လို့ ကြိတ်လို့ အတင်းဖိအိပ်နေမိတယ် မျက်ဝန်းတွေသာ နာကျင်လာတယ် ရင်ဘတ် အနာကလျော့မသွား လျှော့ထားတဲ့ စိတ်ကပေါ့သွားမလားမှတ်တယ် ဆော့ကစားစရာလို့ ကျက်ထားတဲ့ သူ့ရင်ဘတ်က ငါ့အသည်းနှလုံးကိုမှ ခလုတ်ဝင်တိုက်ခဲ့တယ်လေ တွေးရင်း ငေးရင်း ဆွေးရင်းနဲ့ပဲ ဝေးခြင်းအဖြစ်ကို လွမ်းချင်းတွေခပ်လျှက် ဟိုး…ကောင်းကင်ကြီးကို ငေးကြည့်လိုက်မိတယ် ဟော…လမင်းကြီး ဘေးမှာလည်း မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးတစ်လုံးနဲ့ သြော်…ဓူဝံကြယ်လေးပါလား သူတောင် အိပ်စက်တော့မယ် ဒီလိုနဲ့ပဲ ဓူဝံကြယ်လေးရေ အသင်နှင့် ကျွန်ုပ် အရင်က ဒီလိုအချိန်တွေမှာ အသင်ရှိမှန်း အကျွန်ုပ်ရှိမှန်း ဘာကြောင့်များ မရိပ်မိကြတာပါလိမ့် ကဲ…အာရုံလည်းရောက်လို့ အသင်နှင့် အကျွန်ုပ် မနက်ဖြန်များစွာအတွက် [...]

10, 16, 2012

ရင်ဝှက်သက်ပြင်း

by ♫♪★လွမ်းပိုင်ရှင်★♪♫: — Categories: ကဗျာ1 Comment

Shareလှိုက်ခနဲ့ တချက်တတ်လာတဲ့ သက်ပြင်း ခပ်ပြင်းပြင်းနဲ့ ရင်ဝမှာဆောင့်တတ်တယ် မကျက်သေးတဲ့ အနာက တဆစ်ဆစ်နဲ့ နှိုးထမှုတိုင်းမှာ နေခြည်နဲ့အတူ နင်..ရောက်လာတတ်တယ် ဒီလို မနက်ခင်းတွေဆို အလွမ်းနဲ့ မျက်နှာသစ်နေကျပါ… နင်ငါ့ရင်ခွင်ကို မမြင်ခဲ့တာက ဘယ်ကနေ စခဲ့တာလည်း ဒါမှမဟုတ် ဦးသူရှိနှင့်နေခဲ့လို့လား သံယောဇဉ်တွေ ရောယှက်ထားပြီးမှ အပေါစားဆန်ဆန် ချနင်းပြစ်လိုက်ပြီလား ထိုင်နေရင်အကောင်းသား ထကာမှ ကျိုးမှန်းသိရတဲ့ဘ၀ နောက်ကွယ်မှာတော့ ကောင်းကောင်းကြီးကို လှောင်နှင့်နေဦးမှာ ငါ မတွေးပဲနဲ့ အတွေးထဲကို အလိုလိုဝင်ရောက်နေတတ်ခဲ့ပြီလေ ရင်ခွင်ကို ဦးညွတ်ပြီး လူးလွန့်နေတဲ့ဖြစ်စဉ် သစ်ပင်တွေတောင် လှုပ်ရမ်းလို့ နင်မပွင့်ခဲ့တဲ့ ရင်ခွင်မှာ ကြင်နာချင်ယောင်ဆောင်နေတဲ့ အလွမ်းမြေဇာပင်တွေရှင်သန် ဖြတ်ပျံလာတဲ့ လေပြေလေးမှာ နင့်ကိုယ်သင်းနံ့လေး စွန်းထင် ဟာ…ငါလန်းဆန်းသွားသလိုနဲ့ မိန်းမော သွားတာပဲ ငါရွတ်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ် သံသရာ ဒီတစ်ကွေ့တွေ့ဆုံခိုက်ဝယ် [...]

10, 16, 2012

ညဥ့်နက်သွားတဲ့ မနက်

by ♫♪★လွမ်းပိုင်ရှင်★♪♫: — Categories: ကဗျာ4 Comments

Shareမရေရာတဲ့ စိတ်အနာတွေကို တွေးမိတိုင်းညက နက်နက်သွားတယ်အိပ်စက်ဖို့လည်း တွန့်ဆုတ်နေမိလေရဲ့သို့ပေမယ့် ငိုက်မိတာလည်း အကြိမ်ကြိမ်ဖြစ်ချင်ရာဖြစ် ဇွတ်အတင်းမျက်ဝန်းကို စုံမှိတ်လို့ကြိတ်လို့သာ အတင်းဖိအိပ်နေမိတယ်မျက်ဝန်းတွေသာ နာကျင်လာတယ်ရင်ဘတ်အနာကလျော့မသွားလျှော့ထားတဲ့ စိတ်ကပေါ့သွားမလားမှတ်တယ်ဆော့ကစားစရာလို့ ကျက်ထားတဲ့သူ့ရင်ဘတ်က ငါ့အသည်းနှလုံးကိုမှခလုတ်ဝင်တိုက်ခဲ့တယ်လေတွေးရင်း ငေးရင်း ဆွေးရင်းနဲ့ပဲဝေးခြင်းအဖြစ်ကို လွမ်းချင်းတွေခပ်လျှက်ဟိုး…ကောင်းကင်ကြီးကို ငေးကြည့်လိုက်မိတယ်ဟော…လမင်းကြီးရဲ့ ဘေးမှာလည်းမှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးတစ်လုံးနဲ့သြော်…ဓူဝံကြယ်လေးပါလားသူတောင် အိပ်စက်တော့မယ်ဒီလိုနဲ့ပဲ ဓူဝံကြယ်လေးရေအသင်နှင့် ကျွန်ုပ် အရင်ကဒီလိုအချိန်တွေမှာ အသင်ရှိမှန်း အကျွန်ုပ်ရှိမှန်းဘာကြောင့်များ မရိပ်မိကြတာပါလိမ့်ကဲ…အာရုံလည်းရောက်လို့အသင်နှင့် အကျွန်ုပ် မနက်ဖန်တွေအတွက် အိပ်ရာဝင်ရအောင် လွမ်းပိုင်ရှင်

10, 16, 2012

နှုတ်ဆက်ခွင့်

by ♫♪★လွမ်းပိုင်ရှင်★♪♫: — Categories: ကဗျာ2 Comments

Shareနောင်တတဲ့ တယုတယပိုက်ထွေးလို့မပျော်ပိုက်ရင်လည်း နေပါစေတိုးတိုးတိတ်တိတ် ကြည်နှုးမှုတွေရပ်တန့်အိမ်မက်ထဲမှာ ကတုံကယင်သူ့အကြင်နာတွေ မြင်ယောင်မိတယ်ဘ၀င်သစ်ကို အချိုအဖြစ်နဲ့ပွဲတော်တည်မိခဲ့ကြာကြာဝါးမှ ခါးမှန်းသိတော့တိတ်ဆိတ်နေတဲ့ ညနေတွေငါ့ရင်ခွင်ကို ထက်ခြမ်းကွဲသွားစေတယ်ငါ့အတွက်တော့ မူးမြစ်ဟာ နင်ပါပဲ ရင်ဘတ်မှာ သုညတွေရိုက်နှိပ်ထားတဲ့ တံဆိပ်က ပြင်းထန်တယ်လောင်ကျွမ်းမှု သီအိုရီအရအရာရာအားလုံး ပြာကျရတာပဲတကယ်ဆို…ဒီလမ်းကိုတုန့်နှေးနှေးနဲ့ လှမ်းခဲ့ရတာပါနောက်လှည့်ကြည့်တိုင်း…ရင်ထဲမှာရှပ်ထိခဲ့တာ မဟုတ်တဲ့ ဒဏ်ရာကတဆစ်ဆစ်နဲ့ ငါ့အိပ်မက်တွေခြောက်ပစ်ကင်းသဲလဲမစင်ခဲ့ရိုး အမှန်ပါ ချစ်သူရယ်ကျန်ခဲ့သူနဲ့ ချန်ခဲ့သူ ခံစားမှုခြင်းချိန်ညှိကြည့်ရင်ငါက ချန်ခဲ့ပေမယ့်သစ်ရွက်ကလေးတွေ လှုပ်နေရင်တောင်နင့်အသံအလား နားစွင့်မိတယ်တကယ်တော့ ငါလည်းခံစားသူနဲ့ ခွဲခွာသူအတိုင်းအခုတော့ ငါ့ကို ကျေကွဲစွာပဲနှုတ်ဆက် အပြီးအပိုင်ထွက်ခွာခွင့်ပြုပါတော့ဟာ လွမ်းပိုင်ရှင်

10, 16, 2012

အတ္တ သို့ သင်္ကေတ

by ♫♪★လွမ်းပိုင်ရှင်★♪♫: — Categories: ကဗျာ1 Comment

Shareငါလေ ဟိုးအဝေးကို ငေးကြည့်မိရင်ကုန်လွန်ခဲ့တဲ့ နေ့ရက်တွေ တမ်းတမိတယ်အရင်က ဖြစ်ရပ်တွေကို သတိတရတွေးမိတိုင်း တွေးမိတိုင်းမှာလှိုက်တက်လာတဲ့ ၀မ်းနည်းမှုကအရင်က ငါတွေးခဲ့တဲ့ ရင်ခုန်သံလောက်ဘာကြောင့်များ မတူညီရတာလဲ ချစ်သူရယ်နင့်ရင်က ခံစားချက်အတိုင်း အတ္တအပိုင်းအစတွေနဲ့ သီစပ်ထားတဲ့နင့်နှလုံးသားက ရင်ခုန်သံ စည်းချက်တွေကိုအချိန်တန်ရင် ရပ်တံ့မည်ဆိုတာငါကိုယ်တိုင် ကြိုမမြင်ခဲ့လို့ခွဲခွာခြင်းအတွက် လုံလောက်တဲ့ အင်အားဆိုတာကတော့ ငါ့မှာရင်တစ်ခုလုံး လောက်ကျွမ်းပျက်စီးရင်းသစ်ရွက်လေးတွေ လှုပ်ခတ်သံကြားတိုင်းငါ နွမ်းလျစွာ ၀မ်းနည်းမိတယ်ငါ့ ရင်ဘတ်ထဲကိုမှ သင်္ကေတတွေ အထပ်ထပ်နဲ့လှိုင်းတွေခတ်သလို ပြေးအလာ ကမ်းအရောက်တွယ်ငြိစရာ တစ်စုံတစ်ရာမှ မရှိလေတော့နှုတ်ဆက်ခဲ့ပါတော့လို့ ငါ ရေရွတ်ရုံကလွဲရင် လွမ်းပိုင်ရှင်

10, 16, 2012

ကောင်မလေးရယ်. . . (၂)

by ♫♪★လွမ်းပိုင်ရှင်★♪♫: — Categories: ကဗျာ2 Comments

Shareကောင်မလေးရယ်လူဆိုတာ တစ်ဦးအရိပ်တစ်ဦးခိုလှုံနေရတာပါ ကောင်မလေးရယ်နှလုံးသားနဲ့ရင်းခဲ့ပြီးမှ ငါ့အတွက် ရှုံးနိမ့်ခြင်းဆိုတာ ကောင်မလေးရယ်ငါက နင့်အပြုံးတွေအောက်မှာ ကောင်မလေးရယ်နင့်ရဲ့ဖြူစင်တဲ့ မျက်ဝန်းတစ်စုံနဲ့ ကောင်မလေးရယ်ငါ့အတွက် ဥပေက္ခာပြုခြင်းတွေအကြည့်တွေ မလွဲခဲ့လိုက်ပါနဲ့ ကောင်မလေးရယ်နင့်ရင်ခွင်မှာ ဘာကြောင့်င့ါအတွက်နေရာဆိုတာ ကောင်မလေးရယ်ဆိုင်သူရှိနေတယ်တဲ့လားငါ. . .ငါ. . .ငါ. . .။ လွမ်းပိုင်ရှင်

10, 16, 2012

Protected: ကောင်မလေးရယ်. . .(၁)

by ♫♪★လွမ်းပိုင်ရှင်★♪♫: — Categories: ကဗျာ — Enter your password to view comments.

There is no excerpt because this is a protected post.

10, 16, 2012

တစ်ဖက်သတ်ရင်ခွင်

by ♫♪★လွမ်းပိုင်ရှင်★♪♫: — Categories: ကဗျာ6 Comments

Shareရင်ခွင်မှာ တစ်ဖက်သတ်နဲ့မို့လွမ်းရက်တွေဆက်ကာဆက်ကာအိပ်ပျက်ခဲ့ရတဲ့ နာရီပေါင်းတွေလည်းလက်ချိုးရေတွက်ဖို့မလုံလောက်ခဲ့သတိရစိတ်တွေသာပိုလို့နေမိတယ်လေမေရယ် တစ်မြေတည်းတောင်နီးစပ်ခွင့်ဆိုတာကိုယ့်အတွက် မရေရာတဲ့ ဝေဒနာတွေရှိခဲ့သေးတာပဲအခု တစ်မြေခြားလို့ တစ်နေရာဆီရောက်နေမှတော့ကိုယ်နားလည်ပါတယ်ဒါပေမယ့်လည်းလေထွက်သက်တိုင်းမှာ နားခိုခွင့်ရှိခဲ့သူမို့မေ့မရတဲ့ အတိတ်ဟောင်းတွေနဲ့အိပ်မက်ထဲထိရင်ခွင်ထဲကို ခေါင်းတိုးဝှေ့ခဲ့တော့သတိရတယ် ကောင်မလေးရေအခွင့်ထူးခံလူတန်းစားတွေမဟုတ်တော့လည်းကိုယ့်ဘ၀ကိုယ် ဦးညွတ်မြိုသိပ်ကြိတ်မှိတ်ခြင်းတွေနဲ့သာရောက်ရာအရပ်က လွမ်းဆွတ်နေမိတယ် –လွမ်းပိုင်ရှင်

© 2016 ♫♪★လွမ်းပိုင်ရှင်★♪♫: All rights reserved - Mobile View - Hosted by lwanpaishin and Futurestars - Foundation
Plugin from the creators of Brindes Personalizados :: More at Plulz Wordpress Plugins